စာအုပ်နောက်ဖုံးမှ
၁၉၂၇ တွင် Watchman Nee က ခရစ်ယာန်တစ်ဦး၏ ကြီးထွားမှုနှင့် တိုးတက််မှုအတွက် ဂန္တဝင်မြောက်လက်ရာဖြစ်သည့်
၀ိညာဉ်ဆိုင်ရာ လူ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် Nee က ယုံကြည်သူများ၏ ၀ိညာဉ်ရေးရာ ကြီးထွားမှုအတွက် အဓိကနှင့် မရှိမဖြစ်သော ဖွင့်ပြခြင်း ဟူသော လူသည် အစိတ်အပိုင်း သုံးခုဖြစ်သည့် ၀ိညာဉ်၊ စိတ်နှင့် ခန္ဓာတို့ဖြင့် ဖွဲ့စည်းထားကြောင်း ရိုးရှင်းသည့် ကျမ်းစာဆိုင်ရာ သမ္မာတရားကို တင်ဆက်ပေးခဲ့သည်။
ဘုရားသခင်၏စီမံကိန်း စာအုပ်တွင် ညီအစ်ကိုနီး၏ အနီးကပ်ဆုံးနှင့် အားအထားရဆုံး လုပ်ဖော်ဆောင်ဘက် Witness Lee က ဤအခြေခံအပေါ် တည်ဆောက်ထားပြီး၊ ဘုရားသခင်သည် မိမိကိုယ်တော်တိုင်ကို လူအထဲသို့ ထည့်သွင်းဝေငှကာ အသင်းတော်၌ ကိုယ်တော်၏ပြည့်ဝထင်ရှားခြင်း ဖြစ်လာစေ ရန် အလိုရှိကြောင်း ကျမ်းစာ၏ အလယ်ဗဟိုကျသော ဖွင့်ပြခြင်းကို ပြသပေးခဲ့သည်။
ဘုရားသခင်၏စီမံကိန်း စာအုပ်တွင် Witness Lee က ဘုရားဆိုင်ရာ သုံးပါးတစ်ပါး၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ ဖွင့်ပြထားပြီး၊ ကိုယ်တော်၏ ထာဝရအကြံအစည်တော် ပြည့်စုံစေရန်နှင့် ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် လက်တွေ့ကျသည့် နည်းလမ်းများကို ယုံကြည်သူများအား ဖွင့်ပြပေးသည်။
ရယူရန် PDF
Please agree to the distribution policy to enable the download of this book.